မုံရွာ  ၁၄  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် မေလအတွင်းက သဘာဝဘေး (၇၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။

 

“သဘာဝဘေးဖြစ်ပွားမှုနှုန်းက တစ်နှစ်ထက်တစ်နှစ်ပိုပြီး ဖြစ်လာတာကိုတွေ့ရတယ်၊ အဖြစ်အများဆုံးကတော့ နှစ်စဉ်မေလအတွင်းမှာလေပြင်းတိုက်ခတ်လို့ လူနေအိမ်၊ ကျောင်းဆောင်တွေ သာသနိက အဆောက်အဦတွေ ပျက်စီးမှုနှုန်းကလည်း တအားများလာတာကို တွေ့ရတယ်၊ ဒုတိယအများဆုံးက မီးဘေး၊ တတိယအများဆုံးကတော့ ရေရှားပါးမှုတွေဖြစ်တာကို တွေ့လာရတယ်၊ သဘာဝဘေးဖြစ်လို့ ထောက်ပံ့ပေးမှုတွေက တစ်နှစ်ထက်တစ်နှစ်ပိုများလာတယ်လို့ ပြောရမယ်” ဟု  စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်က ပြောသည်။

 

သဘာဝဘေးဖြစ်ပွားမှုအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀)မြို့နယ်တွင် မီးလောင်မှု (၁၅) ကြိမ်၊ ကသာမြို့နယ်တွင် ကမ်းပြိုမှု (၈)ကြိမ်၊ မြို့နယ် (၂၄)မြို့နယ်တွင် လေပြင်းတိုက်ခတ်မှု (၄၀)ကြိမ်၊ မြို့နယ်(၄)ခုတွင်ရေရှားပါးမှု(၇)ကြိမ်၊ နန်းယွန်းနှင့် ခန္တီးမြို့နယ်တို့အတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် စားနပ်ရိက်္ခာ ပြတ်လပ်မှု(၁)ကြိမ်နှင့် ကလေးဝမြို့နယ်တွင် ကျောက်မီးသွေးတွင် ပြိုကျမှု (၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၏ ထောက်ပံ့ပေးမှု မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

Slide3(7