မုံရွာ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းနှမ်း ၅၄၁၉၅၁ ဧက စိုက်ပျိုး ပြီးဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းနှမ်း ၅၅၇၉၃၅ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၅၄၁၉၅၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် တိုင်းဒေသကြီးအတွင်းမှာ ဆောင်းနှမ်း ဧက ၅၅၇၉၀၀ ကျော် လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ ထိ ဧက ၅၄၁၉၀၀ ကျော်စိုက်ပျိုးပြီး ပါပြီ။ ဆက်လက်၍လည်း စိုက်ပျိုး လျက်ရှိပါတယ်။ အထွက်နှုန်း ကောင်းမွန်ဖို့ GAP နည်းစနစ်တွေနဲ့ စိုက်ပျိုးဖို့အတွက်လည်း ဆောင်ရွက်ပေးပါတယ်” ဟု စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအပါအဝင် ခရိုင်အလိုက် ဆောင်းနှမ်း စိုက်ပျိုးပြီးစီးမှုအနေဖြင့် နာဂဒေသတွင် ၂၅ ဧက၊ စစ်ကိုင်းခရိုင်တွင် ၉၆၆၈၉ ဧက၊ မုံရွာခရိုင်တွင် ၆၆၄၁၄ ဧက၊ ယင်းမာပင်ခရိုင်တွင် ၆၅၀၉၄ ဧက၊ ရွှေဘိုခရိုင်တွင် ၉၆၆၆၆ ဧက၊ ကန့်ဘလူခရိုင်တွင် ဧက ၁၀၉၇၅၀၊ ကသာခရိုင်တွင် ၄၆၉၈၇ ဧက၊ ကောလင်းခရိုင်တွင် ၂၈၁၉၂ ဧက၊ ကလေးခရိုင်တွင် ၆၀၉၁ ဧက၊ တမူးခရိုင်တွင် ၂၄၂၂ ဧက၊ ဟုမ္မလင်းခရိုင်တွင် ဧက ၃၀ ၊ မော်လိုက်ခရိုင်တွင် ၁၄၇၃ ဧက နှင့် ရေဦးခရိုင်တွင် ၂၂၁၁၈ ဧက စုစုပေါင်း ၅၄၁၉၅၁ ဧက ဖြစ် ကြောင်း၊ လျာထားမှုအနေဖြင့် တိုင်းဒေသကြီးအတွင်း နာဂကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသများ အပါအဝင် ခရိုင် ၁၄ ခရိုင်တွင် စုစုပေါင်း ၅၅၇၉၃၅ ဧက ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်နှစ် နှမ်းစိုက်တောင်သူများ ကို ဆောင်းနှမ်း တိုးချဲ့စိုက်ပျိုးနိုင် ရေး၊ စိုက်ပျိုးသည့်နည်းစနစ်၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး နိုင်ရေး၊ အထွက်နှုန်း ကောင်းမွန်သည့် မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ခရိုင် / မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အသိ ပညာပေးလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


