မုံရွာ မေ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) များသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ အခမဲ့ပေးဝေနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ 

 

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြားသည်။ 

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများ၊ ပညာရေးကျောင်းများနှင့် လူနေအိမ်များ ပြန်လည်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

 

တိုင်းဒေသကြီး(ပြန်/ဆက်)