မုံရွာ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


