မုံရွာ   ဧပြီ   ၂၂

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ   ယနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန  ဦးစီးမှူးက  ပြည်သူ့အားကစားကွင်းအတွင်းရှိ    အားကစားရုံအဆောက်အအုံများနှင့် ရုံးအဆောက်အအုံများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က   လိုအပ်သည်များကို   တာဝန်ရှိသူများ နှင့်  ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပြည်သူ့အားကစားကွင်းနှင့် ပွဲကြည့်စင်အဆောက်အအုံများကို လိုက်လံကြည့်ရှုကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)သို့ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားလေ့ကျင့်ရေးရုံ၊  ကရာတေးအားကစား လေ့ကျင့်ရေးရုံ၊ GYM အားကစားလေ့ကျင့်ရေးရုံ၊   အလေးမအားကစား လေ့ကျင့်ရေးရုံနှင့် လက်ဝှေ့အားကစားလေ့ကျင့်ရေးရုံများကို  လိုက်လံရှင်းလင်းပြသပြီး   သင်တန်းသား သင်တန်းသူများ၏  အားကစားနည်းများအလိုက် စုဖွဲ့လေ့ကျင့်နေမှုများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး လေ့ကျင့်ရေးအားကစားပစ္စည်းများကို လိုက်လံကြည့်ရှုကာ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည် အဆိုပါကျောင်းဝင်းအတွင်းရှိ ကျောင်းသား ကျောင်းသူများ၏ စားရိပ်သာဆောင်၊ စားဖိုဆောင်နှင့် အိပ်ဆောင်များကို လိုက်လံကြည့်ရှုပြီး ကျောင်းဝင်းအတွင်းရှိ အားကစားလေ့ကျင့်ရေးရုံများ၊ ရုံးအဆောက်အအုံများနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်ပတ်ဝန်းကျင်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို  မှာကြားခဲ့ကြောင်း သိရသည်။    

တိုင်းဒသကြီး (ပြန်/ဆက်)