စစ်ကိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ကျင်းပမည်

နေပြည်တော် ၅ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် စစ်ကိုင်းခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ပြခန်းပေါင်း ၆၀ ကျော် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ) တို့မှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ပြပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ နေပြည်တော်၊ ဖုန်း ၀၆၇-၄၃၀၄၄၆၊ ၀၆၇-၄၃၀၄၄၇၊ ဖက်(စ်) ၀၆၇-၄၃၀၁၂၈၊ [email protected] ကို လည်ကောင်း၊ မြန်မာကုန်သွယ်မှုဗဟိုဌာန(ရန်ကုန်) ဖုန်း ၀၁-၂၅၄၀၂၄၊ [email protected] ကို လည်းကောင်း၊ ဇေယျာကုန်သွယ်မှု ဗဟိုဌာန(မုံရွာ) ဖုန်း ၀၉၄၂၀၇၁၅၃၅၉၊ email-monywamyantrade @gmail.com ကိုလည်း‌ကောင်း၊ စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဖုန်း ၀၇၂-၂၂၀၂၄၊ ၀၉၅၅၅၆၆၇၇၊ email-sdcci2018 @gmail.com ကို လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အဆိုပါပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ထွက်ကုန်များ ဈေးကွက်ရရှိလာစေရန်၊ ကုန်သွယ်မှုပမာဏ တိုးတက်လာစေရန်၊ ကုန်ထုတ်လုပ်ငန်းရှင်များ အချင်းချင်း ရင်းနှီးချစ်ကြည်၍ နည်းပညာများဖလှယ်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ အသေးစား အလတ်စား ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းပြည်‌ပ ဈေးကွက်တင်ပို့နိုင်ရေး အမယ်သစ် ပို့ကုန်အသစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဝင်း