စစ်မဲ့ဇုန်သို့ တပ်မတော် စေလွှတ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

၁၆ ဇွန်

 

တောင်ကိုရီးယားနိုင်ငံ နယ်စပ်ရှိ စစ်မဲ့ဇုန်ကို ပြန်လည်ဝင်ရောက်မည့် အရေးယူမှု အစီအစဉ်ကို ပြန်လည် သုံးသပ်နေကြောင်း မြောက်ကိုရီးယား တပ်မတော်က ပြောကြားသည်။

 

အာဏာရ အလုပ်သမားပါတီ၏ သတင်းစာဖြစ်သည့် ရိုဒေါင်ရှင်းမူသတင်းစာနှင့် အခြားမီဒီယာများမှ တစ်ဆင့် အဆိုပါထုတ်ပြန်ချက်ကို မြောက်ကိုရီးယားတပ်မတော်က ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

တောင်-မြောက် သဘောတူစာချုပ်အရ  စစ်မဲ့ဇုန်အတွင်း ပြန်လည်ဝင်ရောက်မည့် အရေးယူမှု အစီအစဉ်ကို လေ့လာနေသည်ဟု မြောက်ကိုရီးယားတပ်မတော်က ဆိုသည်။

 

အဆိုပါ သဘောတူညီချက်ထဲတွင် ရှေ့တန်းတပ်ကို ခံတပ်အဖြစ် ပြောင်းလဲရန်နှင့် တောင်ပိုင်းအပေါ် စစ်ရေးအရ ပိုမိုသတိရှိရန် အစီအစဉ်များလည်း ပါဝင်သည်။

 

ကိုရီးယား ပြည်သူ့စစ် အနေဖြင့် စစ်ရေးအစီအစဉ်များကို အသေးစိတ် ရေးဆွဲမည်ဖြစ်ပြီး ဗဟိုစစ်ရေးကော်မရှင်မှ ခွင့်ပြုချက်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို တောင်ကိုရီးယားမှ ထွက်ပြေးလာသူများက ပြီးခဲ့သည့် လနှောင်းပိုင်းက ဝေဖန်မှုများအပေါ်  တောင်ကိုရီးယားအား ဖိအားပေးရန် မြောက်ကိုရီးယား၏ ကြိုးပမ်းမှု၏ တစိတ်တပိုင်းလည်းဖြစ်သည်။

 

ပြီးခဲ့သည့် အပတ်အတွင်းက တောင်ကိုရီးယား  ဆက်ဆံရေးရုံးကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယား နိုင်ငံက ခြိမ်းခြောက်ခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်