လွိုင်ကော် ဧပြီ ၃
စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁)မှ စစ်သည် များအား ဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တပ်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ တာဝန် ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) မှ စစ်သည်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေး မှူးက ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့ စစ်မှုထမ်း အမှတ်စဉ်(၁)မှ စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ရာ စစ်သည် များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
ယင်းနောက် ဒေသကွပ်ကဲရေးမှူးက စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီး မြောက်ခဲ့သည့် ပြည်သူ့ စစ်မှုထမ်းအမှတ်စဉ်(၁)မှ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ စစ်သည်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။ ကယားပြည်နယ်အတွင်း စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁)မှ စစ်သည် ၃၈၅ ဦး ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးကာ ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းအစီအမံများကို တင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများက ထပ်ဆင့်တင်ပြ ဆွေးနွေးပြီး ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


