စစ်မှုထမ်းရက်တွေကို တိတ်တဆိတ်စတင်လိုတဲ့ ဒီအို

၂၅ ဇွန်

 


တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “EXO”ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒီအိုဟာ  လာမယ့်လအစမှာ  စစ်မှုထမ်းရက်တွေကို စတင်သွားမှာဖြစ်ကြောင်း  ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။  ဒီလိုစစ်မှုထမ်းဆောင်ရာမှာတော့ ပရိသတ်တွေအနေနဲ့ အခမ်းအနားကျင်းပတာမျိုး မလုပ်ဘဲ  တိတ်တဆိတ်သာ စတင်လိုကြောင်း  “EXO”ရဲ့  ပရိသတ်အဖွဲ့“EXO-Ls”ဆီကို  စာရေးသားကာ သှူရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 


အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအိုဟာ လာမယ့် ဇူလိုင် ၁ ရက်မှာ စတင်စစ်မှုထမ်းဆောင်သွားမှာဖြစ်ပြီး စစ်မှုမထမ်းဆောင်မီမှာတော့ သူ့ရဲ့တစ်ကိုယ်တော်တေးသီချင်းသစ်ကို ထုတ်လွှင့်ပေးဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

 

ကြေးမုံ