၂၇ စက်တင်ဘာ
ဆီးရီးယားနိုင်ငံရဲ့ အနောက်မြောက်ပိုင်းရှိ အစ်လစ် ပြည်နယ်ရှိ ကျောင်းတွေဟာ စစ်ပွဲအတွင်းမှာ ဖျက်ဆီးခံရတဲ့အတွက် အဲဒီဒေသရှိ ကလေးငယ်တွေရဲ့ ပညာရေးဟာ ကမှောက်ကမ ဖြစ်ကုန်ပါတယ်။ အဲဒီဒေသရှိ လူပေါင်း လေးသိန်းကျော်ဟာ အခုနှစ်ပိုင်း ဧပြီလက ရွေ့ပြောင်းနေထိုင်ကြပါတယ်။
ကလေးငယ်တွေဟာ ကျောင်းကို သွားမနိုင်တာမျိုးနဲ့ ကျောင်းတွေက သူတို့ရွေ့ပြောင်းနေထိုင်တဲ့နေရာတွေနဲ့ ဝေးလွန်းတဲ့အတွက် ဘတ်စ်ကားပေါ်က ကျောင်း စီမံကိန်းဟာ ပရဟိကျောင်းအဖြစ် ပေါ်ထွက်တာဖြစ်ပါတယ်။
ဘတ်စ်ကားပေါ်မှာ သင်ပုန်းတစ်ချပ် တပ်ဆင်ပြီး ကားကြမ်းပြင်ပေါ်မှာ ကော်ဇောတစ်ချပ်ခင်းထားပြီး စာရေးခုံလေးတွေ အများအပြားကို ချထားပါတယ်။ သင်ခန်းစာ အပေါ်မူတည်ပြီး စာရေးခုံလေးကို ပြုပြင်ပြောင်းလဲနိုင်တာကို တွေ့ရပါတယ်။
ဘတ်စ်ကားပေါ်က ကျောင်းမှာ အသက် ငါးနှစ်ကနေ ၁၂ နှစ်အရွယ်ကလေးငယ်တွေ အတွက်သာ ရည်မှန်းထားပြီး အာရေဘစ်၊ သင်္ချာ၊ သိပ္ပံ၊ အင်္ဂလိပ်ဘာသာရပ်များအပြင် သီချင်းဆိုခြင်းနဲ့ ပန်းချီဆွဲခြင်းတွေပါ သင်ပေးကြောင်း သိရပါတယ်။
ဒီစီမံကိန်းကို မေလက စတင်ခဲ့တာဖြစ်ပြီးအခုဆိုရင် ကလေးပေါင်း ၁၀ဝ၀ လောက် စာသင်ကြားခွင့် ရခဲ့ပြီးပြီ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP