ရေတာရှည်  ၂၂   ဖေဖော်ဝါရီ 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ဌာနဆိုင်ရာများနှင့်အတူ စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

1

 

ရှေးဦးစွာ ရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်နှင့်အဖွဲ့အား စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)ကို  တာဝန်ယူတည်ဆောက်နေသည့် တံတားအထူးအဖွဲ့(၆)မှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းလွင်နှင့် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်း ဖောက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

1

 

အဆိုပါ စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)သည် ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာအနီး ရေတာရှည်-ကရင်ချောင်း-လိပ်သိုသွားကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကိုဖြတ်၍ အရှည်(၈၀ဝ)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင်(၃)ပေစီ၊ သံကူကွန်ကရစ် တံတားအမျိုးအစားအဖြစ် ၂၀၁၈ ခုနှစ်၊မေလ(၂၈)ရက်နေ့မှစတင်ကာ ဘဏ္ဍာရေးနှစ် အလိုက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ စုစုပေါင်းကျပ်သန်း(၅၅၄၂)သန်းဖြင့် တည်ဆောက်လျှက်ရှိသော တံတားတစ်စင်းဖြစ်ပြီး မြစ်ကူးတံတားသည်(၇၂)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ လုပ်ငန်းအားလုံး ပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်များသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)