ရွှေကျင် ၅ သြဂုတ်
စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြစ်ရေ မြင့်တက်မှုကြောင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများနှင့် ရပ်ကွက်များသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြစ်ရေများ မြင့်တက်လာမှုကြောင့် ရွှေကျင်မြို့နယ် စစ်တောင်းမြစ် ကမ်းပါးဘေးရှိ ကျေးရွာများနှင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေဝင်ရောက်လျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နှင့် နီးကပ်စွာ စီးဆင်းနေသော စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ် (၁၀၇၀) စင်တီမီတာနှင့် ရွှေကျင်မြစ်ရေ၏ စိုးရိမ်ရေမှတ် (၇၀ဝ)စင်တီမီတာမှ ယနေ့ နံနက် ၉ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် (၁၁၆၀)စင်တီမီတာနှင့် ရွှေကျင်မြစ်ရေသည် (၇၅၃) စင်တီမီတာသို့ ရောက်ရှိနေ ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


