နေပြည်တော် ၁၀ သြဂုတ်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀ နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းအရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၂)ပေခွဲခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။
ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သောကြောင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလမှ အကြံပြုထားသည်။
MDN