စစ်တွေ နိုဝင်ဘာ ၁၈
စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်လှူပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ဆွမ်းဆန်တော် လောင်းလှူကြသည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ စစ်တွေမြို့ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အပါး ၅၅၀ နှင့် သီလရှင်များသည် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ စတင်ကာ ဝင်္ကပါကွင်းတစ်လျှောက် ကြွရောက် အလှူခံတော်မူရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်တော်များ၊ အချိုရည်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


