စစ်တွေမြို့အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦး လိုက်ပါလာသည့် စက်လှေ ၁ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၉

 

မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊ တရားမဝင် မှောင်ခိုပစ္စည်းများနှင့် လူများဖြတ်သန်း သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မတော် (ရေ) မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် စက်လှေ ၁ စီး တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၅၉ ပေ၊ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သားကိုယ်ထည် ဝဒီထွန်း (၅) အမည်ရှိ စက်လှေ တစ်စီးပေါ်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၇၀ ၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး၊ စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာလူမျိုး အမျိုးသား ငါးဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

mdn

 

ဖမ်းဆီးရမိသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်