စစ်တွေ၊ ၄ ဇန်နဝါရီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အကြီးတန်းဝန်ထမ်းများအိမ်ရာ ၁၀ လုံး တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီက စစ်တွေပြည်သူ့ဆေးရုံကြီး ဝန်ထမ်းအိမ်ရာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က အကြီးတန်းဝန်ထမ်းများအိမ်ရာ ၁၀ လုံး တည်ဆောက်ရခြင်းကို ရှင်းလင်းပြောကြားသည။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ ပြည်နယ်လျှပ်စစ်၊ လမ်းပန်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးတို့က ပန္နက်တိုင်များ စိုက်ထူပေးပြီး အမွှေးနံ့သာရေများ ပက်ဖျန်းကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

 

အဆိုပါ အကြီးတန်းဝန်ထမ်းများအိမ်ရာမှာ လုံးချင်းတစ်ထပ်အိမ်များဖြစ်ပြီး အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိကြောင်း၊ အဆောက်အအုံအား နော်ဝေနိုင်ငံအစိုးရ၊ တော်ဝင်နော်ဝေသံရုံး၏ ရန်ပုံငွေဖြင့် ကုလသမဂ္ဂစီမံကိန်းများ ဝန်ဆောင်မှုရုံး (UNOPS) အဖွဲ့အစည်းက ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)