စစ်တွေ ၂၃ မတ်  

 

စစ်တွေမြို့၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပထမအကြိမ် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက  ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေခန်းမ(၂)တွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ က (COVID-19)  နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် အတိုင်း ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကြိုတင်စီစဉ်ထားရှိမှုနှင့် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍လည်းကောင်း၊ (COVID-19)  ရောဂါသံသယ လူနာတွေ့ရှိမှုအခြေအနေ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)

 

245365745