စစ်တွေ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှုခင်းသာလမ်းဆုံရှေ့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။ စုပေါင်းလမ်းလျှောက်ရာတွင် စစ်တွေမြို့ ရှုခင်းသာလမ်း တြိဂံလမ်းဆုံရှေ့မှ စတင်၍ ရှုခင်းသာလမ်းအတိုင်း၊ ထိုမှတစ်ဆင့် စစ်တွေကမ်းခြေသို့ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ကြပြီး စစ်တွေကမ်းခြေ သဲသောင်ပြင်၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို ဆောင်ရွက်ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများမှ သင်တန်းသား သင်တန်းသူများ၊ ကျောင်းသား ကျောင်းသူများ၊ စစ်တွေမြို့ပေါ် ရပ်ကွက်များမှ ဒေသခံတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား ၅၀၀၀ ကျော် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

တင်ထွန်း( ပြန်/ဆက်)