စစ်တွေ   ၆   ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်ပြင် ငါးဖမ်းရေယာဉ်လုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ဩဂုတ် ၅ ရက်က စတင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

သင်တန်းတွင် safety at sea ၊ ရှေးဦးသူနာပြုခြင်း၊ VMS စနစ်အကြောင်းနှင့် ညွှန်ကြားချက် အမှတ် ၅/၂၀၁၈၊ အရေးပေါ် ကယ်ဆယ်ရေး၊ အင်္ဂလန်ကျားဖောင်နှင့် IUU Fishing အကြောင်း သိကောင်းစရာများ၊ ကမ်းနီး၊ ကမ်းဝေး၊ ငါးလုပ်ငန်း အကြောင်းနှင့် ငါးလုပ်ငန်းဆိုင်ရာဥပဒေများ၊ ရေယာဉ်ပေါ်တွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ CITIES & Fisheries Resources Conversation၊ ပင်လယ်ပြင်ငါးလုပ်ငန်းအား ရေကြောင်းရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း စစ်ဆေးရေးလုပ်ငန်းများ (SoP) နှင့်ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားနှစ်ဦး သဘောတူအလုပ်ခန့်ထားမှု သဘောတူစာချုပ် အကြောင်း သိကောင်းစရာများကိုသင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား ၂၅ ဦး တက်ရောက်ကြပြီး ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ စစ်တွေခရိုင် ငါးလုပ်ငန်းဦးစီးမှူး၊ ရေကြောင်းရဲတပ်ဖွဲ့၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် စစ်တွေမြို့နယ် မီးသတ် ဦးစီးမှူးတို့က စာတွေ့လက်တွေ့  နှစ်ရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)