စစ်တွေ ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ မဇ္ဈိမတံခါးပန်းချီပြပွဲကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ပြသလျက်ရှိသည်။
မဇ္ဈိမတံခါး ပန်းချီပြပွဲတွင် ပန်းချီကားများ လာရောက်ပြသသူ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ပန်းချီဆရာ သန်းကျော်ဌေးက “ကိုယ့်ဒေသမှာရှိတဲ့ ဒေသခံတွေကို ကိုယ့်ဒေသက အငွေ့အသက်တွေပါတဲ့ ပန်းချီကား တွေကို ဘယ်လိုဖန်တီးရေးဆွဲထားလဲ ဆိုတာတွေကို မိတ်ဆက်ချင်တဲ့အတွက် ဒီပန်းချီပြပွဲကို စီစဉ်ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပန်းချီကားတွေ ရာနဲချီပြီးတော့ ခန်းမအကျယ်ကြီးမှာ လှလှပပ ကြည့်ခွင့်ရနိုင်အောင် ပြသခွင့်ရတယ် ဆိုတော့ ဝမ်းသာပါတယ်၊ ဘယ်သူမဆို ပြပွဲအတွင်းမှာ လာရောက် ကြည်ရှုအားပေးလို့ရပါတယ်”ဟု ပြောပြသည်။
အဆိုပါ ပန်းချီပြပွဲတွင် ရခိုင်ပြည်နယ်ဖွား ရခိုင်သား ပန်းချီဆရာ၊ ဆရာမ ၄၆ ဦး၏ ပန်းချီကားပေါင်း ၁၆၀ ကျော်ကို သုံးရက်ကြာပြသထားမည်ဖြစ်ပြီး ပန်းချီကားများ ရောင်းချရငွေများကိုလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အချို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)