စစ်တွေ ၂၈ ဒီဇင်ဘာ
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တို့ ပူးပေါင်းပြီး (Training on Laboratory Diagnosis of Schistosomiasis for Laboratory Teachnicaians in Rakhine State) ရေချိုခရုမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါ ရှာဖွေခြင်းသင်တန်းကို စစ်တွေမြို့ ယုဇနအောင်ဟိုတယ်၌ ယနေ့နံနက် ၉နာရီတွင် ဖွင့်လှစ်သည်။
သင်တန်းတွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဒေါက်တာ သီဟက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကို ဆက်လက်သင်ကြားပို့ချသည်။
သင်တန်းသို့ ပြည်နယ်အတွင်းရှိမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၃၄ ဦးတက်ရောက်ကြပြီး ရေချိုခရုမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါရှာဖွေခြင်းကို ဗဟိုကူးစက်ရောဂါတိုက် ဖျက် ရေးဌာနခွဲ (နေပြည်တော်)မှ ဒေါက်တာ မိုးသီရိအောင်နှင့် စစ်တွေပြည်သူ့ဆေးရုံကြီး(ဓာတ်ခွဲဌာန)မှ ဒေါက်တာ ပန်းအိစိုးတို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရေချိုခရုမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော Schistosomiasis ရောဂါရှာဖွေခြင်း သင်တန်း ဖွင့်ပွဲသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ (နေပြည်တော်)မှ ဆရာဝန်များ၊ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) ဆရာဝန်များ၊ စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)