စစ်တွေ ၇ ဇန်နဝါရီ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူ များအသင်း(Book Club စစ်တွေ)တို့ပူးပေါင်းပြီး လူငယ်များအသိပညာဖွံ့ဖြိုးတိုးပွားရေးနှင့် စာပေ တန်ဖိုးသိရှိကာ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ရေးသူ၊ ဖတ်သူ တွေ့ဆုံဆွေးနွေးပွဲကို စစ်တွေခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် စာရေးဆရာမ ပုညခင်က စာပေကိုဖတ်ရှုလေ့လာမှု အားကောင်းလာသည်နှင့်အမျှ စာပေဖတ်ရှုလိုသည့်စိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုပြီး မိမိဘဝတိုးတက်အောင်မြင်ရေး၊ အသိပညာဗဟုတ တိုးပွားရေးတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုမှု အားကောင်းလာခြင်းဖြင့် အမှား၊ အမှန်ခွဲခြားတတ်ကာ အတွေးအခေါ်များ ရင့်သန်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စာရေးဆရာမ ပုညခင်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ စာပေအသိုင်းအဝိုင်းမှ စာရေးဆရာများက စာပေရေးရာများကို ဦးဆောင်ဆွေးနွေးကြခဲ့ကြပြီး တက်ရောက်လာကြသော လူငယ်များက စာပေဆိုင်ရာများနှင့် သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင် စာရေးဆရာ၊ ကျွန်းသားင မန်း၊ ဌာနဆိုင်ရာများ၊ Book Club၊ မြို့နယ် စာရေးဆရာအသင်း၊ ရခိုင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရခိုင်တိုင်းရင်းသားဘာသာကဏ္ဍ ရွှီပြည်ရခိုင် စာတည်းအဖွဲ့တို့မှ စာပေပညာရှင်များ၊ Youth Club၊ ကျောင်းသားသမဂ္ဂ၊ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ Wisdon City ကွန်ပျူတာသင်တန်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)မှ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ စာဖတ်ပရိသတ်များ တက်ရောက်ကြသည်။
တင်ထွန်း(ပြန်/ဆက်)