စစ်တွေ အောက်တိုဘာ ၁၄
စစ်တွေမြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteers) များနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
စစ်တွေမြို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို စစ်တွေမြို့အမှတ်(၂) အခြေခံပညာအထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဦးဥတ္တမခန်းမ၊ စစ်တွေတက္ကသိုလ်(အားကစားရုံ)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခိုင်သဇင်ပန်းခြံခန်းမနှင့် စစ်တွေမြို့၊ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် နေရာနှစ်နေရာခွဲကာ စုစုပေါင်း ဆေးထိုးစုရပ် (၈)နေရာတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးက လိုအပ်သော ကိစ္စများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
တင်ထွန်း(ပြန်/ဆက်)