စစ်တွေ   နိုဝင်ဘာ ၂၉

           

စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သစ်သီးဝလံအခြေခံစားသောက် ကုန်ပြုလုပ်နည်းသင်တန်းကို စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာတွင် ရက် ၂၀ ကြာဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

           

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားလာ စေရန်ရည်ရွယ်ပြီး စစ်တွေမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာဖွင့်လှစ်ပေးခြင်းဖြစ်သည်။

           

သစ်သီးဝလံ အခြေခံစားသောက်ကုန် ပြုလုပ်နည်းသင်တန်းတွင် ခရမ်းချဉ်သီးအလုံးလိုက်ယိုပြု လုပ်နည်း၊ နာနတ်ယိုပြုလုပ်နည်း၊ သင်္ဘောသီးချိုချဉ်ယိုပြုလုပ်နည်း၊ သရက်သီးယိုပြုလုပ်နည်း၊ ကျောက်ဖရုံသီးယိုပြုလုပ်နည်း၊ ငရုပ်သီးဆောစ်ပြုလုပ်နည်း၊ ခရမ်းချဉ်သီးဆောစ်ပြုလုပ်နည်း၊ အသင့်သောက် မန်းကျည်းဖျော်ရည်ပြုလုပ်နည်း၊ သံဖရာသီးဖျော်ရည်ပြုလုပ်နည်း၊ ကြက်ဥမြေပဲပါ ကျော်ပြုလုပ်နည်း၊ အာလူကျော်ပြုလုပ်နည်း၊ Crepe Cake ပြုလုပ်နည်း၊ Chiffon Cake ပြုလုပ်နည်း၊ Cookies ပြုလုပ်နည်းနှင့် ပြောင်းဖူးပေါက်ပေါက်ပြုလုပ်နည်းများကို သင်ကြားပို့ချပေးလျက်ရှိသည်။

           

အဆိုပါသင်တန်းသို့ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀) ဦးတက်ရောက် သင်ကြားလျက်ရှိပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာများက နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)