စစ်တွေ ၆ စက်တင်ဘာ
 

ရခိုင်ပြည်နယ် စစ်တွေမြို့၌ စက်တင်ဘာ ၅ ရက်တွင် COVID-19 ရောဂါ ပျောက်ကင်း၍ လူနာ(၁၀)ဦး ဆေးရုံဆင်းခွင့်ရရှိပြီး စက်တင်ဘာ  ၆ ရက် နေ့တွင် လူနာသုံးဦး ထပ်မံ၍ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ရာ လက်ရှိ စစ်တွေ မြို့တွင် ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်ခွင့်ရှိသူ (၁၃) ဦးထိ ရှိလာပြီ ဖြစ်ပါသည်။
 

ယခုကုသခံယူပေါင်း စက်တင်ဘာလ ၆ ရက်နေ့ထိ (၂၆၃) ဦးထိရှိနေပြီး ထိုလူနာများကို စစ်တွေဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ စစ်တွေတိုင်းရင်းဆေးရုံတို့တွင် ကုသလျက်ရှိရာ ပိုးတွေ့လူနာများကို အဆင့် (၄) ဆင့်သတ်မှတ်၍ ကုသလျက်ရှိသည်ဟု သိရှိသည်။ လူနာများမှာလည်း စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာသဖြင့် ကျန်းမာရေးကောင်းမွန်လျက် ရှိသည်ဟု သိရပါသည်။
 

ထိုဆေးရုံဆင်းခွင့်ရရှိသူများမှာ ဆေးရုံတက်ရက် အနည်းဆုံး (၁၄) ရက်ရှိပြီး covid-19 ရောဂါ စစ်ဆေး၍ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သဖြင့် ဆေးရုံဆင်း၍ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဥ်းစည်းကမ်းများအတိုင်း home quarantine အဖြစ်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်သည်။

 

ထို​ဆေးရုံဆင်းခွင့်ရသူများကို ဝမ်းမြောက်ဂုဏ်ပြုစကား ပြောဆိုခြင်း ရောဂါပျောက်ကင်းကြောင်း လက်မှတ်နှင့် ဂုဏ်ပြုပန်းများပေးအပ်ပြီး ကျန်ရှိနေသော COVID လူနာများ ကျန်းမာစေရန် ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
 

#MRTV

 

mdn