ဒါကာ  ၁၃  အောက်တိုဘာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများနှင့် စစ်တကောင်း ဆိပ်ကမ်းတွင် ပိတ်မိနေသည့် မြန်မာသင်္ဘောသားများအား အထူးလေယာဉ်ခရီးစဉ် လေးကြိမ် တိုင်တိုင် စီစဉ်ဆောင်ရွက် ပေးခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ထိုသို့ ဆောင်ရွက် ပြီးသည့်တိုင်အောင် စစ်တကောင်း ဆိပ်ကမ်း၌ မြန်မာသင်္ဘောသားတစ်ဦး  ထပ်မံ ရောက်ရှိလာကာ မြန်မာနိုင်ငံသို့  ပြန်လိုကြောင်း ဒါကာမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ် အကြောင်းကြားလာပါသဖြင့် မြန်မာသံရုံး၊ ရီယာဒ်မြို့မှ စီစဉ်လျက်ရှိသည့် MAI ကယ်ဆယ်ရေး လေယာဉ် ဒူဘိုင်း-ရန်ကုန်   ခရီးစဉ်တွင် လိုက်ပါနိုင်ရေးအတွက် မြန်မာသံရုံး၊ ဒါကာမှ ချိတ်ဆက်၊ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် အဆိုပါ မြန်မာသင်္ဘောသားအနေဖြင့် အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီတွင် ဒါကာမြို့မှ ဒူဘိုင်းမြို့သို့ Emirates လေကြောင်းလိုင်းဖြင့် ချောမွေ့စွာ ဆက်လက် ထွက်ခွာနိုင်ရေး အတွက် မြန်မာသံရုံး၊ ဒါကာမြို့မှ သံရုံးဝန်ထမ်းများက ဒါကာမြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုအပ်သည်များ လိုက်လံကူညီဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍   အဆိုပါ   မြန်မာသင်္ဘောသားသည်   မြန်မာသံရုံး၊ ရီယာဒ်မြို့က စီစဉ်ဆောင်ရွက်သည့်  MAI ကယ်ဆယ်ရေး  လေယာဉ်ဖြင့် အောက်တိုဘာ ၁၄  ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် မွန်းလွဲ ၁၂  နာရီ ၄၅ မိနစ်တွင် ဒူဘိုင်းမြို့မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။

Crd#နိုင်ငံခြားရေးဝန်ကြီးဌာန