ပြည်ကြီးတံခွန် ၂၃  ဇန်နဝါရီ 


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲနှင့် မန္တလာအိုးပင်း စစ်တုရင်ပြိုင်ပွဲများ တွင် မြို့နယ်ကိုယ်စားပြုဆု ရရှိသော အားကစားသမားများအား ဂုဏ်ပြုပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီ က ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကို နှင့်ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်တို့က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲများတွင် မြို့နယ်ကိုယ်စားပြုဆု ရရှိသော အားကစားသမားများအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ 


၎င်းနောက် ဆုရရှိသောအားကစားသမားများကိုယ်စား အဖွဲ့ခေါင်းဆောင် ဦးအေးကိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။ အဆိုပါ ဂုဏ်ပြုပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကိုယ်စားပြုစစ်တုရင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


သန်းဇော်မင်း(ပြန်/ဆက်)