ရန်ကုန် ၂၁ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လမ်းကွန်ရက် အမှတ် ၁၀ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကျုံးမ၊ ဝါးခယ်မ၊ မြောင်းမြကားလမ်း မိုင်တိုင်အမှတ် (၁၇/၀) စော်ကဲမြစ်ပေါ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တံတားတည်ဆောက်ရေး အထူးအဖွဲ့(၂)က တာဝန်ယူတည်ဆောက်ခဲ့ရာ ယခု ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ တံတားခံနိုင်ဝန်ကို စမ်းသပ်စစ်ဆေးလျက်ရှိသည်။
တံတားအရှည် ၇၅၀ မီတာနှင့် အကျယ် ၉ ဒသမ ၅မီတာရှိသည်။ တံတားအပေါ်ထည် ၉၀ မီတာ သံမဏိလမ်းသံပေါင်၊ ၃၀ မီတာ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ၊ သံကူကွန်ကရစ်ကြမ်းခင်း၊ သံကူကွန်ကရစ်လက်ရန်း၊ တံတားအောက်ထည် သံကူကွန်ကရစ် ၁ ဒသမ ၅ မီတာနှင့် ၁ ဒသမ ၂ မီတာအချင်းရှိ သံကူကွန်ကရစ် ဘိုးပိုင်တို့ဖြင့် တည်ဆောက်ထားပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ မီတာဖြင့် နှစ်ဖက်၊ ရေလမ်းကင်းလွတ်အမြင့်ပေ ၄၀၊ ရေလမ်းကင်းလွတ် အကျယ်ပေ ၂၄၀ ဖြစ်သည်။
တံတားစီမံကိန်းတန်ဖိုးမှာ (လျာထား) တံတားလုပ်ငန်း ငွေကျပ် ၁၅၈၅၅ သန်း၊ ချဉ်းကပ်လမ်းမြေသားတာပေါင် ငွေကျပ် သန်း ၃၅၀၊ တံတားပေါင် နိုင်လွန်ကတ္တရာခင်း ငွေကျပ် ၂၉၅ သန်းဖြစ်ပြီး တံတားခံနိုင်ဝန်မှာ Design Loading - Hs-25 ဖြစ်သည်။
ခရမ်းစိုးမြင့်


