မော်ကျွန်း-မြင့်အောင်

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအပေါများဆုံးဒေသဖြစ်သည်။ မြစ်ချောင်း များကို ဖြတ်ကျော်၍ မြစ်ကူးတံတားကြီးများ တည်ဆောက်လိုက်သောအခါ လမ်းပန်းဆက်သွယ်ရေး တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာသည်။

ပုသိမ်မြို့သို့ သွားရာတွင် မော်လမြိုင်ကျွန်း-မအူပင်-ပုသိမ် ပထမဆက်သွယ်ရေးလမ်းမကြီးနှင့် မော်လမြိုင်ကျွန်း-ဝါးခယ်မ-မြောင်းမြ-ပုသိမ် ဒုတိယဆက်သွယ်ရေး လမ်းမကြီးဟူ၍ လမ်း နှစ်သွယ်ရှိသည်။ 

မြစ်ကူးတံတားသုံးစင်း

လတ်တလော အသုံးများသည့် ဆက်သွယ်ရေး လမ်းမကြီးမှာ မော်လမြိုင်ကျွန်း - ဝါးခယ်မ - မြောင်းမြ - ပုသိမ် ဒုတိယဆက်သွယ်ရေးလမ်း ဖြစ်သည်။ မော်လမြိုင်ကျွန်းမှ ပုသိမ်အထိ ၇၃ မိုင် သာကွာဝေးပြီး အချိန်အားဖြင့် သုံးနာရီသာ သွားရသော ခရီးလမ်းဖြစ်သည်။ ဤမော်လမြိုင်ကျွန်း-ဝါးခယ်မ-မြောင်းမြ-ပုသိမ် ဒုတိယဆက်သွယ်ရေးလမ်းကြောင်းခရီးစဉ်တွင် အရေးပါသောမြစ်ကူး တံတားသုံးစင်းမှာ စော်ကဲမြစ်ကူးတံတား၊ ကျွန်းပြဿဒ်မြစ်ကူးတံတားနှင့် ကျွန်းကုန်းမြစ်ကူး တံတားတို့ဖြစ်သည်။

ယင်းအရေးပါသည့် စော်ကဲမြစ်ကူးတံတားမှ ကျွန်းပြဿဒ်မြစ်ကူးတံတားအထိ ၅ မိုင် ၄ ဖာလုံ၊ ကျွန်းပြဿဒ်မြစ်ကူးတံတားမှ ဝါးခယ်မမြို့အထိ ၁၁ မိုင် ၁ ဖာလုံ၊ ကျွန်းပြဿဒ်မြစ်ကူးတံတားမှ ပုသိမ်မြို့အထိ ၆၇ မိုင် ၄ ဖာလုံ ကွာဝေးသည်။ ကျွန်းပြဿဒ် မြစ်ကူးတံတားမှကားဖြင့် ပုသိမ် မြို့သို့သွားလျှင် နှစ်နာရီခွဲသာသွားရတော့မည် ဖြစ်သည်။

ယခင် မော်တော်ကားလမ်း မပေါက်မီက မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတား ပတ်ဝန်းကျင်ကျေးရွာများသည် မော်လမြိုင်ကျွန်း မြို့မှတစ်ဆင့် ပုသိမ်မြို့သို့သွားလျှင် ခုနစ်နာရီခွဲခန့် သွားရသည်။ ကျွန်းပြဿဒ်ပတ်ဝန်းကျင်ကျေးရွာများမှပြည်သူများ မော်လမြိုင်ကျွန်းမှ တစ်ဆင့် ပုသိမ်မြို့သို့သွားလျှင် ရှစ်နာရီခွဲကျော် သွားရသည်။ မော်လမြိုင်ကျွန်း-မအူပင်-ပုသိမ် ပထမဆက်သွယ် ရေးလမ်းကြောင်းဖြစ်သောကြောင့်  အချိန်ပိုကြာရခြင်း ဖြစ်သည်။

ယခုအခါတွင်  စော်ကဲမြစ်ကူးတံတားနှင့် ကျွန်းပြဿဒ်မြစ်ကူးတံတားပေါ်မှ ကျုံမငေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ပုသိမ်မြို့များသို့ တိုက်ရိုက်ဖြတ်ကျော်သွားလာနိုင်ပြီဖြစ်၍ အချိန်တိုတိုဖြင့် လိုရာခရီးသို့ ရောက်ရှိနိုင်ကြပြီဖြစ်သည်။

အဆိုပါ စော်ကဲတံတားနှင့် ကျွန်းပြဿဒ်မြစ်ကူး တံတားတို့နှင့်အတူ အရေးပါသော အခြားမြစ်ကူး တံတားတစ်စင်းမှာ ကျွန်းကုန်းမြစ်ကူးတံတား ဖြစ်သည်။ ကျွန်းကုန်းမြစ်ကူးတံတားမှာ မော်လမြိုင် ကျွန်း - ဘိုကလေး - ဖျာပုံ - ဒေးဒရဲ - ကျိုက်လတ် မြို့နယ်များမှ ဒေသခံပြည်သူများ ပုသိမ်မြို့သို့ ခရီးသွားရောက်ရာတွင် အချိန်တိုတိုဖြင့် ဆက်သွယ် သွားလာနိုင်သော ခရီးလမ်းဖြစ်သည်။

အဆိုပါဒေသ ကုန်စည်ရောင်းဝယ်ရေးတွင် အရေးပါသော ကျွန်းကုန်းတံတားသစ် ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၀ ရက်က ကျွန်းကုန်းတံတား သစ်ရှေ့၌ ကျင်းပခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ - ဝါးခယ်မမြို့နယ်၊ ဘိုကလေး - မော်လမြိုင် ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်းပေါ်ရှိ ကျွန်းကုန်းတံတားမှာ အရှည်ပေ ၇၈၇ ပေ၊ တံတား အကျယ် ၂၄ ပေ ရှိသည်။

ကျွန်းကုန်းတံတားကို အသုံးပြုခြင်းအားဖြင့် ဝါးခယ်မ-ကျုံမငေး-မော်လမြိုင်ကျွန်း-ဘိုကလေး မြို့များသို့ တိုက်ရိုက်ဆက်သွယ်သွားလာနိုင်ခြင်း၊ ဘိုကလေးမှတစ်ဆင့် ဖျာပုံ-မအူပင်-တွံတေး-ရန်ကုန်မြို့များသို့ အချိန်တိုအတွင်း ဆက်သွယ် သွားလာနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိ လာနိုင်မည့်အပြင် ကျွန်းကုန်းတံတားမှ အိမ်မဲ-ရန်ကုန်သို့လည်းကောင်း၊ မြောင်းမြ-မြင်းကဆိပ်-ပုသိမ်မြို့များသို့ လည်းကောင်း ချိတ်ဆက်သွားလာနိုင်ကြပြီဖြစ်သည်။

 ဧရာဝတီတိုင်းဒေသကြီးတစ်ခွင် နေ့ညမဟူ လိုရာခရီးနှင်နိုင်ကြပြီဖြစ်သည်။ ကျွန်းကုန်းသည် မြို့နယ် ခြောက်မြို့နယ်ဖြစ်သော မြောင်းမြ၊ ဝါးခယ်မ၊ ကျုံမငေး၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံမြို့နယ်တို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ထို့ပြင် မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းပြဿဒ် တံတားမှ ဝါးခယ်မမြို့အထိ ၁၀ မိုင်၊ ဝါးခယ်မမြို့မှ ကျွန်းကုန်းတံတားအထိ ၁၁ မိုင် ၄ ဖာလုံ၊ ကျွန်းကုန်းတံတားမှ မြောင်းမြမြို့အထိ ၂၂ မိုင် ၂ ဖာလုံနှင့် ကျွန်းကုန်းတံတားမှ ပုသိမ်မြို့အထိ ၃၄ မိုင် ကွာဝေးသည်။ မော်တော်ကားဖြင့်သွားပါက ပုသိမ်မြို့သို့ ၄၅ မိနစ်သာ သွားရမည် ဖြစ်သည်။

ရွှေဧရာကမ်းခြေအပန်းဖြေ

မြစ်ကူးတံတားသုံးစင်း၏ အကျိုးပြုမှုရလဒ်များ ကြောင့် မော်လမြိုင်ကျွန်းမှ ကျိုက်ပိ-ကျော်ဇံ-ကျိုက်လတ်မြို့များသို့ လည်းကောင်း၊ မော်လမြိုင် ကျွန်းမှ ပင်လယ်ပိုင်း ကဒုံကနိ-ဧရာကျေးရွာကြီး များသို့ လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနီးရှိ ရွှေဧရာပင်လယ်ကမ်းခြေ အပန်းဖြေစခန်းသို့ လည်းကောင်း နေ့ချင်းပြန် ဆက်သွယ်သွားလာနိုင် ကြပြီဖြစ်သည်၊၊

မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ပြင်စလူ အဝေးပြေး လမ်းမကြီးကို ဖောက်လုပ်ခဲ့ရာ မြေသားလမ်းလုံးဝ ပြီးစီးသွားပြီဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတား၊ ကျွန်းပြဿဒ်မြစ်ကူးတံတား နှင့် ဝါးခယ်မမြို့နယ် ကျွန်းကုန်းမြစ်ကူးတံတား သုံးစင်းအား ဆောက်လုပ်ပြီးစီးသွားပြီဖြစ်၍ မြစ်ကူး တံတားကြီးများပေါ်မှ ပြည်သူများနှင့် မော်တော် ယာဉ်မျိုးစုံအလွယ်တကူ ဖြတ်သန်းသွားလာနေကြ ပြီဖြစ်သည်၊၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု၏  အသီးအပွင့်များကို  မြန်မာ ပြည်သူတို့ ခံစားနေကြရပြီ ဖြစ်သည်၊၊ 

ဧရာဝတီတိုင်းဒေသကြီးတွင် အဓိကအရေးပါ သော မော်လမြိုင်ကျွန်းမြို့နယ် “စော်ကဲမြစ်ကူး တံတားမှသည် ကျွန်းပြဿဒ်နှင့် ကျွန်းကုန်းတံတား ဆီသို့” ချိတ်ဆက်သွားလာအကျိုးပြုမှုရလဒ်များ ကြောင့် “မော်လမြိုင်ကျွန်း - ဝါးခယ်မ - မြောင်းမြ- ပုသိမ် ဒုတိယဆက်သွယ်ရေးလမ်းကြောင်းသည် အချိန်တိုတိုဖြင့် ပြည်သူများ လိုရာခရီးကို စိတ်ချမ်း မြေ့စွာသွားလာနိုင်ပြီဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်၊၊  ။