လှိုင်းဘွဲ    ၈   မေ  

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တာပေါင်ကျေးရွာအုပ်စု ကော့လှာ-နောင်တိုင် အထကကျောင်းတွင် ယခုနှစ်နွေရာသီ၌ အပူချိန်လွန်ကဲမှုကြောင့် ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လာသဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ကော့လှာ-နောင်တိုင် အထကကျောင်းတွင် Quarantine centre ဖွင့်လှစ်ထားလျက်ရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ဒေသခံပြည်သူများ နေထိုင်လျက်ရှိပြီး ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လာသည့် အတွက် စောင့်ကြည့်ရေးစခန်းတွင် နေထိုင်သူများ သောက်သုံးရေ အဆင်ပြေ ချောမွေ့စေရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေဂါလန် ၄၀၀၀ အား သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)