ခန္တီး ၂၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် အောင်သာယာရွာတွင် CERP အစီအစဉ်အရ မျိုးစေ့ထုတ်စိုက် ခင်းများ Field Inspection Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက တောင်သူ ဦးတင်ရှိန်၏ ကွင်းအမှတ်- ၄ ၊ စိုက်ဧက(၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးစေ့ထုတ်စိုက်ခင်းများ Field Inspection Campaign ကို ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများနှင့်တောင်သူများပူးပေါင်း၍ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းကို မျိုးကွဲပယ်ခြင်း၊ ပင်ပွားစစ်ဆေးခြင်း၊ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်းတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း CERP အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ဧက (၁၈၂၀၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ထောက်ပံ့ငွေကျပ် (၂၇၂၈၁၉၄၅၀ဝ) ထောက် ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေထံမှ သိရသည်။
စနေမောင်မောင်(ခန္တီး)


