ပခုက္ကူ ၁၃ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြာင်းဝန်ကြီးဌာနက ရေစကြိုမြို့နယ် သဲပုံ(အရှေ့)ကျေးရွာတွင် စက်ရေတွင်း၊ ရေတင်ပန့်နှင့် ရေတင်စက်ရုံ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက ကျေးရွာကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်အောင်အေးထူးက စေတနာမျှဝေခြင်း အစီအစဉ်အရ လှုဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စက်ရေတွင်း၊ ရေတင်ပန့်နှင့် ရေတင်စက်ရုံတို့အား အလှူရှင်များဖြစ်သည့် ၁၉၈၃ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများက သဲပုံ(အရှေ့)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဦးထံ ပေးအပ်ခဲ့သည်။
အဆိုပါ သဲပုံ(အရှေ့)ကျေးရွာကို လှူဒါန်းပေးအပ်သော စက်ရေတွင်း၊ ရေတင်ပန့်နှင့် ရေတင်စက်ရုံတို့၏ စုစုပေါင်း ကုန်ကျမှုတန်ဖိုးမှာ ငွေကျပ် ၄၂ သိန်းဖြစ်ကြောင်း သိရသည်။
ကိုတမာ


