အောင်လံ  ၁၇  မေ

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ မြို့ပေါ်ရှိ ချို့တဲ့ပြည်သူ(၁၈၂)ဦးအား ဆန်၊ ဆီ၊ အခြားစားသုံးကုန်ပစ္စည်းများနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို မေလ(၁၇)ရက်နေ့ နံနက်(၈)နာရီခွဲက ဇေယျဝတီရပ်ကွက် ပြည်လမ်း ဂန္တဝင်သစ် ကားဂိတ်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ယင်းလှူဒါန်းမှုတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်(၂၅)ကျပ်သား၊ ဆား(၅၀) ကျပ်သား၊ ကြက်ဉ(၆)လုံး၊ ပဲ(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်(၁)ထုတ်၊ ဆပ်ပြာမှုန့်(၁)ထုတ်၊ သွားတိုက်ဆေး (၁)ဗူးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ Hand made mask နှာခေါင်းစည်း (၂၅၀) တို့အား တစ်ဦးချင်းဆီသို့ကိုယ်တိုင်  လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)