နေပြည်တော် ၆ ဇန်နဝါရီ
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ (၅၂)မိနစ်၊ (၃၅)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၈၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်-အနောက်တောင်ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၂၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.ဝ၀)ဒီဂရီ၊ အနက် (၂၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာရရှိပါသည်။
မိုးဇလ


