စေတုတ္တရာ ၁၉ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဒေသခံပြည်သူများအား ပျိုးပင်များ အခမဲ့ရယူစိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနရှိ မြို့မပျိုးဥယာဉ်အတွင်း ပျိုးပင်ပေါင်း (၃၄၁၅၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း(၁၀၀၀၀)၊ ပိတောက်(၂၀၀၀)၊ ပျဉ်းကတိုး(၂၀၀၀)၊ သင်းဝင်(၅၀၀)၊ ယင်းမာ(၂၀၀၀)၊ ကုက္ကိုလ်(၅၀၀)၊ ထနောင်း(၅၀၀)၊ လိန်(၅၀၀)၊ မယ်ဇလီ(၂၀၀၀)၊ မဟော်ဂနီ(၃၀၀)၊ ငုစပ်(၃၀၀)၊ စစ်(၅၀၀)၊ စိန်ပန်း(၆၀၀)၊ ယူကလစ်(၂၀၀၀)၊ ဝါး(၅၀၀၀)၊ လျှော်ဖြူ(၃၀၀၀)၊ စွယ်တော်(၃၀၀)၊ မန်ဂျန်ရှား(၂၀၀၀)နှင့်ခရေ(၁၅၀)ပင် စုစုပေါင်း(၃၄၁၅၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို လာမည့် ဇွန်၊ ဇူလိုင် မိုးကျရာသီတွင် အခမဲ့ဖြန့်ဝေပေးမည် ဖြစ်ပြီး၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်ကျေးရွာများ၊ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းဝန်းများတွင် ပျိုးပင်များကို စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးငွေစိုးထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


