စေတုတ္တရာ ၁၉ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးအနေဖြင့် ပြည်သူများ မီတာခများ ပေးချေရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား ယနေ့ နံနက် ၉ နာရီအချိန်က ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် လျှပ်စစ်ရုံးမှ ပြည်သူများ လျှပ်စစ်မီတာခများ ပေးချေရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများအနေဖြင့် ရုံးရှေ့တွင် ပြည်သူများ စနစ်တကျ လက်ဆေးနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားခြင်း၊ မီတာခပေးသွင်းသည့် နေရာများအား (၃)ပေကွာ သတ်မှတ်ပေးထားပြီး ပြည်သူများအနေဖြင့် သတ်မှတ်နေရာများမှသာ အလှည့်ကျ ပေးဆောင်စေခြင်းများဖြင့် စည်းကမ်းများသတ်မှတ်၍ ပြင်ဆင်ဆောင်ရွက်ထားရာ ပြည်သူများမှ မြို့နယ်လျှပ်စစ်ရုံး၏ သတ်မှတ်ပေးထားသော စည်းကမ်းများကို လိုက်နာပြီး လျှပ်စစ်မီတာခများအား စနစ်တကျ ပေးဆောင်လျက်ရှိကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)