စေတုတ္တရာ      ၊ ၄  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျက်ရှိရာ  ငမကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၉၉)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ငမကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန် ပုံငွေ (၉၉)သန်းဖြင့် အရှည် (၃.၂၆၉)မိုင်ရှိသော 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 200 kva Transformer (၁)လုံး တပ်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်လျှပ်စစ်ရုံးမှ  ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်မှ စတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အား စတင် ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။

 

ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၁၅၀)မှ လူဦးရေ (၅၄၇)ဦးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။          

 

စည်သူလွင်(ပြန်/ဆက်)