စေတုတ္တရာ ၁၃ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ စီးပွားရေး ကျွန်းစိုက်ပျိုးရန်အတွက် ကျွန်းပျိုးပင်ပေါင်း(၁၉၄၄၀ဝ)ပင်ပျိုးထောင်ထားရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ဆောက်ရေး စီမံကိန်း (MRRP) စီးပွားရေးကျွန်းစိုက်ပျိုးနိုင်ရန်အတွက် (၁/၂၀၂၀) ထီးချောင်း ကြိုးဝိုင်း အကွက်အမှတ် (၂၉) စီးပွားရေးကျွန်းစိုက်ခင်းဧက(၁၅၀) တွင် စိုက်ပျိုးရန်အတွက် လုံးဇွန်ကျေးရွာ ပျိုးဥယာဉ်၌ ပျိုးပင်ပေါင်း (၉၇၂၀ဝ) နှင့် (၂/၂၀၂၀) ဆီမီးကြိုးဝိုင်း အကွက်အမှတ်(၉၅) စီးပွားရေးကျွန်းစိုက်ခင်း ဧက ၁၅၀ တွင် စိုက်ပျိုးရန်အတွက် အောက်ဝေါကျေးရွာအနောက်ဘက် ဇင်ပြွန်းချောင်းဘေးရှိပျိုးဥယာဉ်၌ ပျိုးပင်ပေါင်း (၉၇၂၀ဝ) သစ်တောကြိုးဝိုင်းစိုက်ခင်း စုစုပေါင်း ဧက (၃၀ဝ)အတွက် စုစုပေါင်း ကျွန်းပျိုးပင် (၁၉၄၄၀ဝ) ပျိုးထောင်ထားရှိကြောင်း စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးငွေစိုးထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


