စေတုတ္တရာ၊ ၄  ဒီဇင်ဘာ        

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ လိုက်လံ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၄  ရက် နံနက်ပိုင်းက တယ်ဇားကျေးရွာအတွင်းရှိ တောင်သူများ၏ ကျွဲ၊ နွား အကောင်ရေ (၁၄၀)ခန့်အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကျွဲ၊ နွားပေါင်ပုတ် လက်ပုတ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဦးဆောင်၍ တယ်ဇားကျေးရွာ အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား အကောင်ရေ(၁၄၀)ခန့်အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ ကာကွယ်ဆေးထိုးနှံရခြင်း အကြောင်းအရင်းများနှင့် ရာသီအကူးအပြောင်းကာလအတွင်း တိရစ္ဆာန်များတွင် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျွဲ၊ နွားများ ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)