စေတုတ္တရာ ၁၆ ဒီဇင်ဘာ        

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အမှတ်(၁)ရပ်ကွက် ကွင်းအမှတ် ၉၃(ခ) တောင်သူ ဦးထွန်းကြည်၏ လယ်မြေတွင်   (SRI) နည်းစနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး စံပြစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကွင်းပြပွဲနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် မိုးနှမ်း(GAP) အသိအမှတ်ပြုလက်မှတ် (Certificate ) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။

 

kjhs

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြစံက  အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက တက်ရောက်လာကြသော တောင်သူများအား  လမ်းညွှန်အမှာစကားပြောကြားသည်။

ထို့နောက် မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးဉာဏ်မြင့်ဦးက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့်ပတ်သက်၍ လိုအပ်သည်များအား တောင်သူများ သိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် မိုးနှမ်း(GAP) အသိအမှတ်ပြုရ တောင်သူများသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ညိုညိုဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် ခရိုင် နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  အသိအမှတ်ပြုလက်မှတ် (Certificate ) များ အား ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစံပါးစံကွက် ရိတ်သိမ်း သရုပ်ပြခြင်းအား   တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများမှ ကွင်းဆင်းကြည့်ရှု လေ့လာခဲ့ကြပြီး  အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)

jh