စေတုတ္တရာ ၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဉီးစီး ဌာနမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမျိုးသားအဆင့် လျှစ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP(ICB-3) စီမံကိန်းဖြင့် ကျေးရွာများတွင် ဆိုလာမီးသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စီမံကိန်းကျေးရွာ(၉)ရွာတွင် ဆိုလာမီးသုံးစွဲခြင်း အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဉီးစီးမှူး ဉီးစိုးလင်းထွဋ်နှင့် ဝန်ထမ်းများသည် စီမံကိန်းကျေးရွာဖြစ်သော လုံးကြီးကျေးရွာ၊ နတ်ကြီးကျေးရွာ၊ အာယောကျေးရွာ၊ မကြီးကျေးရွာ၊ ပွင့်ထောက်ကျေးရွာ၊ ချီကျေးရွာ၊ ငလဲကျေးရွာ၊ ခွေးမလောင် ကျေးရွာနှင့် ကျောက်မွဲ ကျေးရွာများတွင် တစ်အိမ်သုံးဆိုလာမီး တပ်ဆင်ထားမှုများအား စစ်ဆေးခြင်း၊ ဆိုလာမီးသုံးစွဲမှုနှင့် ပတ်သက် ၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ NEP(ICB-3)စီမံကိန်းအရ ဆိုလာမီးလင်းရေးဆောင်ရွက်ရာတွင် ကျေးရွာ (၁၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


