စေတုတ္တရာ ၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ တိရစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဖိုးကျော်မင်းက သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ သင်ကြားတတ်မြောက်ခဲ့သော စာတွေ့ လက်တွေ့ သင်ခန်းစာများကို သေချာမှတ်သားလိုက်နာပြီး လက်တွေ့တွင် အောင်မြင်အောင် ဆက်လက်ကြိုးစား၍ ဆောင်ရွက်သွားကြပါရန် မှာကြားသည်။
အဆိုပါ သင်တန်းအား ဇန်နဝါရီ ၂ ရက်မှ ၆ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းသားများမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကာကွယ်ဆေးထိုး လုပ်ငန်းများကို လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် စေတုတ္တရာမြို့နယ်အတွင်းရှိ တိရစ္ဆာန် များ ကူးစက်ရောဂါ ကင်းရှင်းစေရန် ရည်ရွယ်၍ အခြေခံကျန်းမာရေးဝန်ထမ်း(၂၀) ဖြင့် ကာကွယ်ဆေးထိုး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)