စေတုတ္တရာမြို့နယ်တွင် အရှိန်မထိန်းနိုင်သော ယာဉ်တိမ်းမှောက်၍ ၃၁ ဦးဒဏ်ရာရ

နေပြည်တော် ၁၂ ဖေဖော်ဝါရီ


 
ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်က စေတုတ္တရာမြို့နယ်၊ စေတုတ္တရာ-စလင်းကားလမ်း မိုင်တိုင်အမှတ် (၃၃/၂-၃)ကြား မုန်းတမံလမ်းခွဲထိပ်၌ စေတုတ္တရာဘက်မှ စလင်းဘက်သို့ သံဆည်ကျေးရွာနေ တင်မိုးဝင်း (၂၉)နှစ် မောင်းနှင်ပြီး ငါးမကျေးရွာနေ ဦးသာရီ (၆၄)နှစ်ပါ ၃၀ ဦးတို့ လိုက်ပါလာသော 2B/×××× Mitsubishi Canter (၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း တင်မိုးဝင်းပါ ၃၁ ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် စေတုတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တင်မိုးဝင်းအား စေတုတ္တရာမြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN