စေတုတ္တရာ      ၁၀   ဇွန်          

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထား ခဲ့သော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ကျန်မာရေးဝန်ထမ်းများ ပူးပေါင်းပြီး စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရန်အချက်များ၊ စားသောက်ဆိုင်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များဖြင့် စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ အမှုဆောင် အရာရှိ ဦးသက်နိုင်ထံမှ သိရသည်။

 

ခင်သန်းလှိုင် (ပြန်/ဆက်)