စေတုတ္တရာ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင်ပန်းခင်းစီမံချက်အစီအစဉ်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ဆောင်နိုင်ရန်အတွက်အသက်(၁၀)နှစ်မှ(၁၈)နှစ်ပြည့်နိုင်ငံသားကတ်ပြားလဲလှယ်လျှောက်ထားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား( ပျောက်ဆုံး/ပျက်စီး )မိတ္တူ လျှောက်ထားခြင်း၊ အိမ်ထောင်စုအလိုက်ပြောင်းဝင်ခြင်း၊ အိမ်ထောင်စုအလိုက်ပြောင်းထွက် ခြင်း၊ သီးခြားအိမ်ထောင်စုခွဲထွက်ခြင်း၊ မွေးဖွားသူအမည်စာရင်းတိုးခြင်း၊ သေဆုံးသူအမည် စာရင်းပယ်ဖျက်ခြင်း၊ အိမ်ထောင်စုလူဦးရေတိုးခြင်း၊ အိမ်ထောင်စုလူဦးရေလျော့ခြင်း၊နိုင်ငံ သားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် ပါရှိရမည့် အထောက်အထားများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်သူများမှသတိပြုလိုက်နာရမည့်အချက်များ ထည့်သွင်းဖော်ပြ ထားပါသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစာင်များကို စေတုတ္တရာမြို့ စည်ပင်သာယာဈေး ၊ မြို့အဝင်တံတားနှင့် လူနေအိမ်များပါသွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်သန်း နှင့်ရုံးအဖွဲ့ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်ပေါက်(ပြန်/ဆက်)


