စေတုတ္တရာ   ၃၀  ဧပြီ  

                                               

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  စေတုတ္တရာမြို့တွင် မိုးတွင်းကာလ၌ လမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြကန်သာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် လယ်ပြင်စုလမ်း အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာနှင့် ကော်မတီအဖွဲ့များပူးပေါင်း၍  ဧပြီလ ၉ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ မြကန်သာလမ်းအုတ်ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းအား အရှည်အားဖြင့် ပေ ၁၆၀ဝ အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြီးစီးမှုအနေဖြင့် (၆၅)ရာခိုင်နှုန်းနှင့် ဗိုလ်ချုပ်လမ်းအုတ်ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းအား အရှည်အားဖြင့် ပေ ၁၆၅၀ အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် လယ်ပြင်စုလမ်းအုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းအား မေလမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်လင်းထံမှ သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)

 

mdn