စေတုတ္တရာ ၁၃ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကာကွယ် ကုသရေးအတွက် လိုအပ်ပါက အသုံးပြုနိုင်ရန် အောက်ဆီဂျင်ဘူးများဝယ်ယူရန်အတွက် အလှူငွေများအား ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက စလင်းမြို့ရှိ အလှူရှင်(၂)ဦးမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်ဘူးများ ဝယ်ယူနိုင်ရေးအတွက် စလင်းမြို့နေ ဦးစိုးဝင်း-(ဒေါ်ရေး) ရတနာစိုးရွှေဆိုင်မှ အောက်ဆီဂျင်ဘူး ကြီး(၃) ဘူးအတွက် အလှူငွေကျပ် သုံးသိန်းကိုးသောင်းအား လည်းကောင်း၊ စလင်းမြို့နေ ဦးကျော်မင်းဆန်း-ဒေါ်ဥမ္မာလှိုင် (ဆွေသဟာလဖ္ဘက်နှင့် ပဲဖူးကြော်လုပ်ငန်း)မှ အောက်ဆီဂျင်ဘူး ကြီး တစ်ဘူးအတွက် အလှူငွေကျပ် တစ်သိန်းသုံးသောင်းအားလည်းကောင်း စေတုတ္တရာမြို့ အောက်ဆီဂျင် ကုသိုလ် အလှူရှင်များ အသင်းသို့ လှူဒါန်းပေးအပ်ရာ တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ စေတုတ္တရာမြို့ အောက်ဆီဂျင် ကုသိုလ်အလှူရှင်များအသင်း ဒုဥက္ကဋ္ဌ(၁) ဦးနိုင်လင်း၊ ဒုဥက္ကဋ္ဌ (၂) ဦးအေးချိုနှင့် အတွင်းရေးမှူး ဦးညီညီအောင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


