စေတုတ္တရာ ၁၇ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာစေရေးအတွက် ယနေ့နံနက်ပိုင်းက စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် Mask  Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အိမ်အပြင်ထွက်သူတိုင်း  နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာစေရေး Mask  Campaign ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ကြရန်၊ မဖြစ်မနေအိမ်အပြင် ထွက်ရပါကလည်း နှာခေါင်စည်း (Mask)တပ်ဆင်ပြီးမှသာ သွားလာကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များနှင့် Face Shieldများအား အခမဲ့ ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Face Shield (၁၀၀)နှင့်နှာခေါင်းစည်း (Mask)၇၀၀အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)