စေတုတ္တရာ    ၂၉   ဧပြီ                        

                                               

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဧပြီ ၂၈ ရက်နေ့ နံနက် ၈ နာရီက လူသွားလူလာ များသော ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင်  ကိုဗစ်-၁၉ ရောဂါကာ ကွယ်နိုင်ရေး Mask တပ်ဆင်ပြီး သွားလာရေး စစ်ဆေးကြပ်မတ်ခြင်း၊ Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

စေတုတ္တရာမြို့တွင်း ဖြတ်သန်းသွားလာသော ဆိုင်ကယ်များ၊ ယာဉ်များနှင့် သုံးဘီး ဆိုင်ကယ်မောင်းနှင် လာကြသူများကို တတ်နိုင်သမျှ မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်သွား ကြရန်၊ မဖြစ်မနေအပြင်သို့ သွားလာပါကလည်း နှာခေါင်းစည်း(Mask)နှင့် လက်အိတ်များ စနစ်တကျ ဝတ်ဆင်၍ သွားလာကြရန်နှင့် Mask မပါသော ပြည်သူများကို Mask များအခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Hand Speaker များဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)