စေတုတ္တရာတွင် ဂျပန်စကားပြော/ ဂျပန်စာသင်တန်း ဖွင့်လှစ်

စေတုတ္တရာ ၁၉  ဇူလိုင်

 

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အိရမိကုမ္ပဏီ ရန်ကုန်မြို့ ဂျပန်စာသင်တန်းမှ ကြီးမှူး၍  ဂျပန်စကားပြော/ ဂျပန်စာသင်တန်း အပတ်စဉ် (၁/၂၀၁၈) သင်တန်းကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်က စေတုတ္တရာမြို့ အမှတ်(၁) ရပ်ကွက်၊ ရန်အောင်ဘုံသာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းထိုင်ဆရာတော် ဦးဇဝနက သြဝါဒ အဖွင့်အမှာစကား မိန့်ကြားခဲ့သည်။ ထို့နောက် ဦးမိုးမင်းဦး(ခေါ်) ဦးရွှေသွေးမှ ဂျပန်စာသင်ကျောင်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဝင်းက သင်တန်းနှင့် ပတ်သက်၍ လိုအပ်ချက်များကို လမ်းညွှန်ပြောကြားခဲ့သည်။

 

ဆက်လက်၍ အက်ဒမန်ကျောင်းအုပ် ဦးဇေယျာလင်းက ဂျပန်စာသင်ကျောင်းမှ သင်တန်းတက်ရောက်ပြီးလျှင် ဂျပန်သို့သွားရောက်လုပ်ကိုင်ရမည့် အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ တက် ရောက်သူ သင်တန်းသားဦးရေ စုစုပေါင်း (၇၃) ဦးရှိပြီး သင်တန်းကာလမှာ (၂)လ ပို့ချသင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)